Sunday, November 1, 2009

ငြိမ်းချမ်းရေး သို့

ကောင်းကင်တွင်လည်း
ကြည်လင်မရှိ
မှောင်အတိနှင့့် 

ရေပြင်ကျယ်လည်း
တောင်နှယ်မြင့်မား
ဒီလှိုင်းများနှင့့် 

မြေပြင်မှာလည်း
လူနေအဆောက်အအုံ
သိမ့်သိမ့်တုံလျက့့် 

လူတို့သည်လည်း
ရောင်ခြည်ဖုံးလွှမ်း
သေ ကျိုး ကန်း လျက့့် 

စစ်ဆိုပါလျှင်
မကြားချင်သည်
အစဉ်ငြိမ်းချမ်းပါစေသတည်း။

8 comments:

ဗညားရှိန် said...

ငြိမ်းချမ်းရေး ကဗျာလေးပဲ . . . ဟုတ်ပဗျာ စစ်ကိုတော့ တကယ်စက်စုပ် ရွံရှာမိတယ် လူသားအားလုံးအတွက် အကျိုးမပေးတဲ့ အနိဌာရုံတွေပါ

လင်းကြယ်ဖြူ said...

တကယ်ကို အဓိပ္ပါယ်ရှိတဲ့ နူးညံ့မှုဆောင် အေးမြ တဲ့ ကဗျာလေးပါပဲ
ပျော်ပါစေခင်ဗျာ..
လေးစားစွာ
လင်းကြယ်ဖြူ

ကိုတိုး said...

ငြိမ်းချမ်းရေးကဗျာလေးပဲ တကယ်ကိုအေးမြစေတဲ့ကဗျာလေးပါဗျာ။

ခင်မင်လျက်

ကိုတိုးလေး

kokomaung.uk said...

အေးဗျာ.
ငြိမ်းချမ်းပါစေလို့ဘဲ ဆုတောင်းနေရတော့မှာပေါ့။

မေမေခင် said...

ကျမလည်း စစ် ကိုမုန်းတယ်။
စကားမစပ် မနန်း ကို တရားရုံးတခုမှာတွေ့ဘူးတယ်။
တရားရေးဌာနကလား?
မှားရင်ခွင့်လွှတ်ပါနော်

ကဗျာဦး said...

မနန်းရေ
မအားလို့ခုမှရောက်တယ်
တို့မြန်မာပြည် ရှိစစ်တပ်အကြီးအကဲတွေကတော့
နောင်တ ဆိုတာဝေလာဝေးပဲ
င ဘို့ သမားတွေလေ

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

သေချာဖတ်သွားခဲ့ပါတယ်

Nge Naing said...

ကဗျာလေးတွေ အားလုံးကို ဖတ်သွားပါတယ်။ ငြိမ်းချမ်းတဲ့ ဘ၀ကို အားလုံးတနေ့ ရရှိပါစေ။