Thursday, November 5, 2009

ထူးဆန်းသည့် အမေ့ဆုတောင်းသံ

တက်လို့မဆုံး ကုန်ဈေးနှုန်း
တပည့်တော်မ
ရင်ဆိုင်နေရပါသည်ဘုရား
ရပ်ရေး
ရွာရေး
လူမှုရေး
သာရေး
နာရေး
အရေးပေါင်းစုံ
မဖူလုံသေးသည့်ကာလ
လူ့ဘဝခဏတာ
သောကအပူကင်းလိုသဖြင့်
ထမင်းမစားသည့်
သည်ခန္ဒာကိုယ်
ထာဝရ
ဖြစ်လိုပါသည်ဘုရား။

11 comments:

ကဗျာဦး said...

အမေ့ဆုတောင်းသံ ကိုဖတ်ရင်း
အမေအိုရဲ့ ရင်ထဲကအပူမီးကို
ကြေကွဲဖွယ်ရာမြင်နေရပါတယ်

kokomaung.uk said...

That is what most of our nations are facing now.
I can read your mind through this peom.
Good.

Be happy

အရုပ်ကလေး said...

မှိုင်းညှို့နေတဲ့ တောအုပ်ထူထူလို
လူ့ဘ၀က အလေးထားစရာတွေနဲ့ ....
ပြန်လှန်အပ်ကြောင်းထပ်နေတဲ့ ..
စိတ်အနာတွေကလည်း အစီအရီပေါ့ ..
ဒီလိုနဲ့ပဲ ရိုးစင်းစွာဖြတ်သန်း
ဘ၀လမ်းက ကြမ်းတယ်ဆို
နောင်သံသရာ သောကကင်း
ဘ၀ရဲ့ အလင်းကိုဆောင်ကျဉ်းရင်း
အိမ်ပြန်လမ်းမထက် ညနေတွေက
အိုရင့်လိုပေါ့ .....။

အလည်လာသွားတဲ့အတွက် ကျေးဇူးပါ ..ပြန်လိုက်တာတာ ကဗျာလေးနဲ့ တွေ့လို့ ကဗျာတိုလေး ရေးခဲ့တယ် ..။

အနိမ့်အမြင့်တွေ မတူညီတဲ့ ဘ၀တွေကြားမှာပဲ အရိုးဆွေးရမှာခြင်း အတူတူ မဆွေးခင် အချိန်တွေမှာ ထမင်းတစ်နပ်အတွက်
မနက်ဖြန် ရက်များကို အလေးထား ရှေ့ဆက်ကြပါစို့ ..။

ခင်မင်စွာ
idulize(အရုပ်ကလေး)

soe lu said...

တောင်းတဲ့ ဆုနဲ့ ပြည့်ပါစေလို့ ဘဲ ဆုတောင်းပေးနိုင်ပါတယ်

Mg Thounnja said...

အမေ ဆုတောင်းသံကကြေကွဲစရာပါဗျာ

ဆောင်းယွန်းလ said...

အမေ့ဆုတောင်းသံကို ရင်နဲ့နင့်နင့်နဲနဲကြားလိုက်မိပါတယ်...

Ðaywalker[Soul] said...

တက်လို့မဆုံး ကုန်ဈေးနှုန်း

mmfreethinker said...

ရှင်းရှင်းလေးနဲ့ ထိမိတဲ့ ကဗျာပါပဲ။
မြန်မာပြည်ရဲ့ လောကနဲ့ သောကကို မြင်ရပါတယ်။

ဂျစ်တူး ( မုံရွာ ) said...

ကဲ- - - -တွေ့လားဒါများစာအရေးမတော်ဘူးတဲ့-
ကဗျာဆိုတာပြောချင်တဲ့စကားအရာတွေကိုအတိုချုပ်လိုက်တာလေ-
ဒီလောက်ကဗျာတွေမိုးထိအောင်ရေးတတ်နေတာကိုစာအရေးမတော်ဘူးလို့
ပြောကြရင်-ဘယ်လိုစာရေးတာမျိုးကိုစာရေးတော်တယ်လို့ပြောလို့ရမလဲ-
ညီးလေးလောက်မှကျုတ်ကမရေးတတ်တာကိုးဗျ-

ကိုဇော် said...

အဟီး..
အန်တီကလည်းနော်...
အနော့်ပါ ဖြစ်ခွင့်ပေး..
နောက်တစ်ခါ ဆုတောင်းရင် အနော့်ကိုလည်း ပါအောင် ဆုတောင်းနော်။

ကြည်ဖြူပိုင် said...

ကဗျာလေးက ရင်ကိုထိလိုက်တာ
ကောင်းလိုက်တဲ့ကဗျာလေး