တိုင်းပြည်လေးမှာ
နောက်ဆက်တွဲတွေရှိသေးလား
ရေမီးမစုံတဲ့ တိုင်းပြည်လေးမှာ
ရေသန့်ဗူးတွေလိုတယ်
လက်နှိပ်ဓါတ်မီးလိုတယ်။
ရေသန့်ဗူးထဲက
ဆီတွေဖြစ်လာပြီး
ဓါတ်မီးအလင်းက
ပန်းတွေပွင့်ရင်ကောင်းမယ်။
ကဗျာဆရာ ဘာသာပြန်ဖို့
ငယ်စဉ်ကလို
တူတူပုန်းကစားနေရပြီလား။
အင်းးးးးးးးးးးးးးးလေ
အမှောင်ညတွေကလည်း
မဲလွန်းနေတယ်။ ။
14 comments:
ရေသန့်ဗူးထဲက
ဆီတွေဖြစ်လာပြီး
လက်နှိပ်ဓါတ်မီးအလင်းက
သုံးမကုန်နိုင်တဲ့လျပ်စစ်မီးတွေဖြစ်သွားရင်ပိုကောင်းမယ်။
ပြီးတော့ မေတ္တာပန်းများ ဝေစီစေသတည်းပေါ့။
ကဗျာလေးကောင်းတယ်။
မအားလို့ ဘယ်မှ မရောက်ဖြစ်ဖူး။ ထပ်လာလည်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
အဆင်ပြေပါစေ။
ကဗျာဆရာ ဘာသာပြန်ဖို့
ငယ်စဉ်ကလို
တူတူပုန်းကစားနေရပြီလား။
ဒီအပိုဒ်လေးက အတွေး အရမ်းပေးတယ် တွေးလေ ကျယ်ပြန့်လေ ပဲ ကြိုက်တယ် တိုတိုလေးနဲ့ အတွေးတွေ အဝေးကြီးကို ရောက်စေတယ်
အသစ်မဟုတ်တဲ့ ကောင်းကင်အောက်မှာ
ဗရုပ်သုတ်ခ နိုင်တဲ့ ရှင်သန်ခြင်းတွေကြောင့်
ညအမှောင်ကိုတောင် သတိမပြုမိတာ ကြာပြီ...။
နေ့သစ်တွေထဲမှာ အသက်ရှုချောင်ဖို့
အောက်စီဂျင် ပျောက်နေတာရှာတော့
ရေသန့်ဗူးထဲမှာ H2O ဓါတ်ပြုပစ္စည်းဖြစ်နေလို့
ဂျိုးဖြူပိုက်လိုင်းပေါ် အိပ်မောကျခဲ့ရတယ်...။
ဘာမှမဟုတ်တဲ့ ကာရံတွေနဲ့
ကဗျာဆရာတစ်သိုက်
နေပျောက်မထိုးတဲ့ အခန်းထဲမှာ
အိပ်ငိုက်နေတာ ကြည့်....
သံတိုင်တွေကြားက ဝိုးတဝါး မြင်ရလိမ့်မယ်..။
(လာလည်တဲ့ မနန်းကို ကျေးဇူးတင်ပါတယ်...
ဒီဘလော့ကိုဖွင့် မိတာ အမိတက္ကသိုလ် ကို လွမ်းမိတယ်...
မနန်း ရယ်....)
အင်းးးးးးးးးးးလေ...
အမှောင်ညတွေ အလင်းရောက်မှ
ညီအစ်ကို မောင်နှမတွေ
ပြန်ဆုံကြတာပေါ့......
မည်းလွန်းတဲ့ ညနက်နက်တွေထဲ
အမှောင်ဆိုတာကိုက ကပိုကရိုအလှတစ်ပါးလား ..
စမ်းတ၀ါးဝါး လျှောက်ရင်းနဲ့
အချိန်တွေ လွန်မြောက်
တဒိတ်ဒိတ်ခုန်နေတဲ့ရင်
နောက်ဆုံးတော့လဲ လူ့ဘ၀ဆိုတာ
ရှင်သန်ခြင်းတွေကြားမှာပဲ ...တစ်စတစ်စ
........
................
ဆုံးခန်းတိုင်အောင် လျှောက်လှမ်းရင်း
အတိမ်အနက်ကိုက ထုထည်မကျတကျ ဆန်လွန်းပါရဲ့ ..။
ခင်မင်စွာ
idulize (အရုပ်ကလေး)
ကဗျာလေးကိုခံစားသွားပါတယ်
မနန်းရေ ကဗျာလေးတွေ သိပ်ကို အဓိပ္ပါယ်ရှိပါတယ်။ ကဗျာတွေ အားလုံးက တဦးတယေက်တည်းရဲ့ သရုပ်ဖေါ်ထားတာ မဟုတ်ပဲ ဘ၀တွေ များစွာကို ကိုယ်စားပြုနေတာ တွေ့ရပါတယ်။ အားလုံးကို ဖတ်သွားပါတယ်။ အားပေးလျက်ပါ။
အင်း---စာရေးတော်သလိုကဗျာကလည်းမှော်အောင်ထားတယ်-
ရေသန့်ဗူးထဲက
ဆီတွေဖြစ်လာပြီး
ဓါတ်မီးအလင်းက
ပန်းတွေပွင့်လာဘို့ 
ကြိုးစားနေကြတာပါဘဲ မမနန်းရေ ။
အမှောင်ညတွေကို ဖြတ်သွားရင်း
အလင်းရောင် ဆီကိုတော့
ရောက်နိုင်ကောင်းပါရဲ့ 
ပျော်ရွှင်ပါစေဗျာ
ကောင်းလိုက်တဲ့ ကဗျာ..။
တိုတိုလေးနဲ့..။
“ ဖြစ်ခွင့်သာ ရမယ် ဆိုရင်
လက်နှိပ်ဓါတ်မီးကို အလင်းရောင်းအမြဲပေးဖို့
ကျနော် ရှည်ရှည် အတောင့်လေး ဖြစ်ချင်တယ်ဗျာ.”
ပျော်ရွှင်ပါစေ
ကိုဇော်
ရေသန့်ဗူးထဲက
ထမင်းရည်တွေ ဖြစ်လာရင် ပိုကောင်းမယ်
အမှောင်ညတွေလင်းတာကိုဂျစ်တူးတခါတွေ့ ဘူးတယ်ဗျ-
မိုးသားကောင်းကင်ဋ္ဌကီးကနီရပြီးအလင်းရောင်တွေပေးနေ
လိုက်တာ-ညနေခင်းကလေးကိုဖြစ်နေတာလေ။
အိမ်သစ်လေးကို လာလည်သြွးတယ် အစ်မ
အခုအိမ်လေးက မျက်စိအေးစေတယ်
ခင်မင်စွာ
idulize(အရုပ်ကလေး)
အိမ်သစ်ကလေးကိုနောက်ကျစွာနဲ့လာခဲ့ပါတယ်-အိမ်သစ်
ကလေးကချစ်စရာလေး-ရေသူမကလေးလားမသိဘူးနော်-
Post a Comment