Friday, November 27, 2009

တိုင်းပြည်လေး

တိုင်းပြည်လေးမှာ
နောက်ဆက်တွဲတွေရှိသေးလား
ရေမီးမစုံတဲ့ တိုင်းပြည်လေးမှာ
ရေသန့်ဗူးတွေလိုတယ်
လက်နှိပ်ဓါတ်မီးလိုတယ်။

ရေသန့်ဗူးထဲက
ဆီတွေဖြစ်လာပြီး
ဓါတ်မီးအလင်းက
ပန်းတွေပွင့်ရင်ကောင်းမယ်။

ကဗျာဆရာ ဘာသာပြန်ဖို့
ငယ်စဉ်ကလို
တူတူပုန်းကစားနေရပြီလား။

အင်းးးးးးးးးးးးးးးလေ

အမှောင်ညတွေကလည်း
မဲလွန်းနေတယ်။ ။

Thursday, November 5, 2009

ထူးဆန်းသည့် အမေ့ဆုတောင်းသံ

တက်လို့မဆုံး ကုန်ဈေးနှုန်း
တပည့်တော်မ
ရင်ဆိုင်နေရပါသည်ဘုရား
ရပ်ရေး
ရွာရေး
လူမှုရေး
သာရေး
နာရေး
အရေးပေါင်းစုံ
မဖူလုံသေးသည့်ကာလ
လူ့ဘဝခဏတာ
သောကအပူကင်းလိုသဖြင့်
ထမင်းမစားသည့်
သည်ခန္ဒာကိုယ်
ထာဝရ
ဖြစ်လိုပါသည်ဘုရား။

Sunday, November 1, 2009

ငြိမ်းချမ်းရေး သို့

ကောင်းကင်တွင်လည်း
ကြည်လင်မရှိ
မှောင်အတိနှင့့် 

ရေပြင်ကျယ်လည်း
တောင်နှယ်မြင့်မား
ဒီလှိုင်းများနှင့့် 

မြေပြင်မှာလည်း
လူနေအဆောက်အအုံ
သိမ့်သိမ့်တုံလျက့့် 

လူတို့သည်လည်း
ရောင်ခြည်ဖုံးလွှမ်း
သေ ကျိုး ကန်း လျက့့် 

စစ်ဆိုပါလျှင်
မကြားချင်သည်
အစဉ်ငြိမ်းချမ်းပါစေသတည်း။