လမင်းကြီးကို မျက်စိမှိတ်ပြနေတဲ့
ငြင်းခုန်သံတွေကြားမှာ
ချိုးဖြူငှက်လေးတွေ ရှိစေချင်လိုက်တာ့ ။
စိမ်းစိုနေတဲ့ တောအုပ်ထဲမှာလေ
သမင်တွေ ဒရယ်တွေ ဒဏ်ရာရလို့
ဘယ်လိုအင်အားနဲ့မှ
-----------------?
ဟန်ဆောင်လို့မရဘူး။
ကန့်လန့်ကာကျလာတော့ ပွဲပြီးပြီလို့ပြောတယ်။
ပွဲမပြီးသေးလည်း
တောင်ပံကျိုးတဲ့ချိုးဖြူငှက် နိမိတ်ပြသွားလို့
မျက်ရည်စ တွေ သုတ်လိုက် ရပြီ။
37 comments:
ချိုးဖြူလေးကငြိမ်းချမ်းခြင်းသင်္ကေတပါ
ပြဇတ်လေးလာကြည့်သွားပါတယ်
ပို့စ်အသစ် ပြန်တင်တာ တွေ့လို့ ၀မ်းသာပါတယ်။ လာဖတ်သွားပါတယ်။ တောင်ပံကျိုးတဲ့ ချိုးငှက်လေးကို ဆေးကုပေးရမှာပေါ့။
ငိုနေလား..မနန်းရေ...
ကဗျာလေး အားပေးသွားပါတယ် ..
ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ
မနန်းရေ--
ကျနော်မနန်းကလေးအနားမှာရှိတယ်- - -
မျက်ရည်တွေသုတ်ပေးနေမယ်- - - -
အားရအောင်ငိုလိုက်နော်- - - -
မင်းစိတ်တွေပေါ့ပါးသွားတဲ့အထိပေါ့ - - -
ပြဇာတ်လေးတစ်ပုဒ် ရဲ့ ရှည်လျားတဲ့ ဇာတ်ကျောမှာ
မျောသွားရပါတယ်...
တကယ့်ကို ကဗျာ ဆရာမ ..ပါပဲ...း ) အားကျမိပါတယ်...
ပျော်ပါစေ အစ်မရေ
လေးစားစွာ
*.*.*
ရှောင်လွှဲမရ လောကဓံတရား။
ပြဇာတ်တွေ လူသားတိုင်းမှာ ရှိနေကြဦးမှာပါ။
အငို အလွမ်း အကြမ်း အချစ် စသဖြင့် စသဖြင့်ပေါ့။
မျက်ရည်စတွေ ထာဝရငြိမ်းအေးချုပ်ပျော်ပါစေ။
....ကန့်လန့်ကာကျလာတော့ ပွဲပြီးပြီလို့ပြောတယ်။
ပွဲမပြီးသေးလည်း
တောင်ပံကျိုးတဲ့ချိုးဖြူငှက် နိမိတ်ပြသွားလို့
မျက်ရည်စ တွေ သုတ်လိုက် ရပြီ။
မျက်ရည်သုတ်တာ ဘယ်သူလဲဟင်..။
ကဗျာအနုပညာသည်ကလေးရေ-ဒါထက်ပိုပြီးပြောင်မြောက်တဲ့ကဗျာတွေရေးဖွဲ့ နိုင်ပါစေကွယ်-
ချိုးဖြူငှက်လေး ပျံသန်းနိင်တဲ့နေ့တွေလည်း ရှိလာအုံးမှာပါလေ။
နန်းရေ ..ကဗျာလေးဖတ်ပြီး ခံစားရတယ်
အဆင်ပြေပျော်ရွှင်ပါစေ။
တစ်ခေတ်တစ်ခါ မဟုတ်ဘူး
အနှစ်တစ်ရာ မက ကဗျဉ်းတင်ခဲ့တာ...။
သစ်ပုတ်ပင် ဂျပ်ဆင်
အဓိပတိ ရင်ခွင်မှာ
သတ္တိသွေး ရဲရဲနီ
ပြည်ချစ်သား အာဇာနည်ကို
မွေးဖွားသည် မိခင်အစစ်
ရန်ကုန်တက္ကသိုလ် ဖြစ်ကြောင်း
ထပ်လောင်းလို့ စာကိုစီ
ဂုဏ်တင့်မည်ပလေး...။
မနန်း ရဲ့ ပြဇာတ်လေးကတော်ကောင်းပါလား။နောက်ပြဇာတ်တွေကိုမျော်နေအုံးမယ်၊ပြဇတ်များများ----------ပါစေ။
ပြဇာတ် အတွက်ဝမ်းနည်းမနေပါနဲ့နော်
ကျမတို့ မျိုးဆက်တွေ ကြိုးစားရမယ်
တစ်နေ့တော့ ငြိမ်းချမ်းခြင်းတွေ ခံစားရမယ်လို့ မျှော်လင့်မိပါတယ် နန်းရယ်။ ဂျိုးဖြူလေးအတွက် ဒဏ်ရာတွေ ပျောက်စေချင်မိပါတယ်။
ခင်မင်လေးစားလျှက်
တစ်ခါတစ်ရံမှာ ငိုခြင်းဟာ စိတ်ရဲ့ထွက်ပေါက်တစ်ခုပါ မနန်းရေ..... ပြဇာတ်လေးကို ရင်နှင့်အမျှ အားပေးသွားပါတယ်။ ပထမဆုံး comment အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်နော်...
ကန့်လန့်ကာ နောက်ကွယ်ကနေ ကြည့်မိတာ ....
ချိုးဖြူငှက်က ဖျတ်ခနဲထအပျံ လန့်ဖြန့်သွားတဲ့ ဒီစိတ်
ပြန်လည်စဉ်းစားရင်း ..
ငါ ..........
အိပ်မောကျနေတာ သိလိုက်ရတယ် .....
ခင်မင်စွာ
idulize(အရုပ်ကလေး)
မျက်စိကို စုံမှိတ်ပြီး
ငါပြောတာ မှ အမှန်တရားလို့ 
ငြင်းခုံ နေကြတဲ့ ပုဏားတွေ ကြားမှာ
ချိုးဖြူဌက်ကလေးလည်း
ဘာမှ မတတ်နိုင်ရှာတော့ပါဘူး မမနန်း
အေးဗျာ
အပြစ်မဲ့သူတွေမျက်ရည်အတွက် စိတ်မကောင်းပါဘူး
စကာားလုံးလေးတွေကနူးညံ့လှပလိုက်တာ
ကဗျာလေးတွေအများကြီး ဖတ်သွားပါတယ်။ ကဗျာလေးတွေထဲကနေ ကဗျာရေးသူရဲ့ ငြိမ်းချမ်းသိမ်မွေ့တဲ့ နှလုံးသားလေးကို မြင်နိုင်စေတဲ့ အရေးအသား အတွေးအခေါ်လေးတွေပါပဲ။ ပျော်ရွှင်ငြိမ်းချမ်းပါစေဗျာ...။
"လူ့အတွေး ကိုတွေးကြည့်ခြင်း"
ငါ့မြင်းငါစိုင်း.....
စစ်ကိုင်းရောက်ရောက်...
ငါ့လှေငါထိုး...
ပဲခူးရောက်ရောက်.....
ဒီလိုနဲ့ဘဲ....
သူတို့တွေက ..စိုင်းလိုက်... ထိုးလိုက်နဲ့.....
ငါတို့တွေလည်း....
မြင်းတွေဖြစ်လိုက်..လှေတွေဖြစ်လိုက်ပေါ့...
တစ်ခါတစ်ခါများဆိုရင်...
ကိုယ်ကိုကိုယ်တောင်...
ဘာကောင်ဖြစ်လို့
ဘာကောင်ဖြစ်မှန်းမသိနိုင်အောင်...
သူတို့ကတော့
စီးလို့ကောင်း...ထိုးလိုးကောင်းနေတုန်း။
သင်္ချိုင်းနေရာတောင်... မရှိရရှာတဲ့
အဓိပတိဟောင်းကြီးတွေရှိတယ်....
တူသောအကျိုးပေးတွေဘဲပေါ့။
ငါ့အလှည့်
ငါ့အလှည့်ရောက်နေတယ်ဆိုပြီး....
အရမ်းကာရော မလုပ်မိပါစေနဲ့။
ငါ့အလှည့်ဆိုတာရှိနေရင်....
သူအလှည့်ဆိုတာလည်းအမြဲရှိနေမယ်......
ပြုသူအသစ်...
ဖြစ်သူအဟောင်းတဲ့....
ရှည်လျှားလွန်းတဲ့...သံသရာကို...
သူတို့တွေဘာကြောင့်များ...
ထပ်ခါထပ်ခါ ဆွဲဆန့်ခြင်နေကြတာလည်း။
သုညနဲ့ စတဲ့ဘဝတွေက...
သုညတွေနဲ့ဘဲဆုံးလိမ့်မယ်။
နေထွက်တုန်း ဗလာသက်သက်ဘဲလေ....
နေဝင်တော့လည်း ဗလာသက်သက်ဘဲပေါ့....
လောကရဲ့ သစ္စာတရားတွေ.....
လောကကြီးရဲ့ သစ္စာတရားတွေ...။
ငါတို့ ကတော့...
ဘေးလည်းမထိုင်..
ဘုလည်းမပြော....
ဟိုဘက်မှာလည်းမနေ...
ဒီဘက်မှာလည်းမရပ်
ခြံစည်းရိုးပေါ်လည်းတက်မခွဘူး။
ငါ့မြင်းငါစိုင်း.....
စစ်ကိုင်းရောက်ရောက်...
ငါ့လှေငါထိုး...
ပဲခူးရောက်ရောက်.....
(ရဲရင့်နီ)
မနန်းရေ...မျက်ရည်စတွေ သုတ်ပြီးသွားရင်တော့ ရှေ့ဆက်ဖို့ အားတွေတင်းပါဦး...
ခင်မင်လေးစားစွာ
အင်ကြင်း
ထပ်ရောက်ပါတယ်ရှင်
မဖတ်ရသေးတာတွေထပ်ဖတ်သွားတယ်
ကဗျာတွေအားလုံးကြိုက်တယ်
ထပ်ရောက်ပါတယ်ရှင်
ကြွေးတွေထပ်ဖတ်သွားတယ်
ကဗျာတွေအားလုံးကြိုက်တယ်
အသစ်လာရှာတာ
ကဗျာဟောင်းတွေထပ်ဖတ်သွားပါတယ်။
ရောက်ခဲ့ပြန်ပါပြီဗျာ-
အိမ်ရှင်မရှိပေမဲ့ကဗျာတွေထပ်ပြီးဖတ်သွားပါတယ်-
ဘယ်ရောက်နေသလဲနန်းရေ---
သဋ္ဌက်န်ကိုလျှောက်လည်နေသလားဗျို့  - - -
ပျော်ရွှင်ပါစေဗျာ
တမျိုးကြီးပဲဗျာ ...
ချိုးငှက်လေး အမြန်ဆုံးကျန်းမာပါစေ ...
လမင်းကြီးကို မျက်စိမှိတ်ပြနေတဲ့
ငြင်းခုန်သံတွေကြားမှာ
ချိုးဖြူငှက်လေးတွေ ရှိစေချင်လိုက်တာ့ ။
ကောင်းလိုက်တဲ့အရေးအသားလေးဗျာ......
ခင်တဲ့(ချိုကျ)
စိတ်တွေပူလာပြီ-
တကယ်ပူတာနော်-
ဘယ်ရောက်နေသလဲဟင်
အကြောင်းကြားပါအုံးနော်-
သတိရလျှက်
ဂျစ်တူး(မုံရွာ)
မနန်းရေ.. မတွေ့တာကြာပြီနော်.. ဘယ်တွေရောက်လို့ ဘာတွေလုပ်နေလဲ.. မကြီးကိုလည်းမတွေ့ဘူးနော်..
နေကောင်းကြရဲ့လား..
အဆင်ပြေပါစေနော်..
နန်းရေ----ဟေးးးးးးးးးးးးးးးနန်း
ခြေယာကလေးတွေ့ လို့ ပြန်လိုက်တာ-
ဘာတွေလုပ်နေသလဲ-
ငိုနေတာမပြီးသေးမှန်းသိပါတယ်။
ကိုယ်လည်းထပ်တူခံစားရပါတယ်။
ထပ်ဖတ်လေ-အဓိပါယ်တွေအများကြီးသိသိလာသလိုဘဲ-
တကယ်တော့ပွဲကမပြီးသေးပါဘူးကွာ-
တစ်ခါတစ်လေတော့လည်းငိုလိုက်ရတာအားတွေရှိလာတယ်-ကိုယ်ပါရောငိုနေရပြီနန်းရေ(နားလည်မယ်ထင်တယ်)
မနန်းရေ..
တခါတခေါက်လာလည်ခဲ့ပါတယ်..။
ကျန်းမာပျော်ရွှင်ပါစေနော်..
ခင်မင်စွာ
သဒ္ဓါလှိုင်း
Post a Comment